The Rain Curtain (Completed)
Translated by Jolie
မိုးတွေရွာတဲ့နေ့တစ်နေ့မှာ Kim Shin Ah ရဲ့ ယောကျ်ားဟာ နှစ်ပေါင်းများစွာကြာအောင် အဆက်အသွယ်ပြတ်နေခဲ့တဲ့ သူရဲ့ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်တဲ့ ညီလေးနဲ့ မိတ်ဆက်ပေးခဲ့တယ် ဒါပေမယ့် သူမ မျှော်လင့်မထားခဲ့တာက တော့ သူ့ရဲ့ မတ်လဲဖြစ်တဲ့ သူ့ယောကျ်ားရဲ့ ညီလေးဟာ သူမ ဘယ်လိုမှ မေ့ဖျောက်ပစ်လို့ မရနိုင်တဲ့ တစ်ချိန်က 'သူ' ဖြစ်နေခဲ့တာပါပဲ
လွန်ခဲ့တဲ့ ၃ နှစ်က မိုးတွေအရမ်းရွာတဲ့နေ့တစ်နေ့ Kim Shin Ah ဟာ သူမပိုင်တဲ့ ကော်ဖီဆိုင်မှာ လူပါးနေချိန် အေးအေးဆေးဆေး ကော်ဖီသောက်ရင်း မှန် ပြတင်းက နေ အပြင်ကို ငေးမောကာ " မိုးကလဲမတိတ်နိုင်သေးဘူး" လို့ မ ကျေမနပ်နဲ့ တီးတိုး ရေရွတ်နေမိတယ် အဲ့အချိန်မှာ မိုးရေတွေစိုနေတဲ့ အရပ်မြင့်မြင့် ရုပ်ဖြောင့်ဖြောင့် မျက်ဝန်းနက်နက်တွေနဲ့ ကောင်လေးချောချောလေးတစ်ယောက် ဆိုင်ထဲကို ဝင်လာပြီး part-time အလုပ်လာလျှောက်တာဖြစ်ကြောင်း ရေစိုနေတဲ့ဆံနွယ်တွေကို ခါရင်း ပြောခဲ့တယ် Kim Shin Ah နဲ့ သူမ သူငယ်ချင်းလဲ သူ့ရဲ့ handsome ဖြစ်မှုမှာ အံသြမင်သက်သွားပြီး Kim Shin Ah ရဲ့စိတ်ထဲမှာ သူ့အ ပေါ်အလိုလိုသနားစိတ်ဖြစ်မိတယ် အဲ့ကောင်လေးရောက်လာတဲ့အချိန်ကစပြီး အမျိုးကောင်းသားတွေဝိုင်းဝိုင်းလည်နေတဲ့ သူဌေးသမီး အလှပ ဂေးလေး Kim Shin Ah ရဲ့ ဘဝဟာ ဘယ်လိုတွေ စုတ်ပြတ်သတ်သွားမလဲဆိုတာက တော့....